"လူနာ ကောင်းမွန်စွာ ပြန်လည် ကျန်းမာလာစေရန် ပြုစုစောင့်ရှောက်မည့် သူနာပြုအကူတစ်ယောက်မှာ သိရှိရမည့် Technical Skills အပြင် လိုအပ်တဲ့ Soft Skill တွေက ဘာတွေလဲ။ ❓❓
သူနာပြုအကူတစ်ယောက်ဆိုသည်မှာ လူနာတစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သလို ပြုစုစောင့်ရှောက်ပေးရသူများဖြစ်ပါတယ်။
🎯ဒီလို ပြုစုစောင့်ရှောက်မှုများအတွက် သူနာပြုအကူတစ်ယောက်ဟာ Technically (လုပ်ငန်းကျွမ်းကျင်မှု)ပိုင်း သာမက စိတ်ပိုင်းဆိုင်ရာအရပါ စေတနာနှင့် ကိုယ်ချင်းစာတရားကို များစွာလိုအပ်ပါတယ်။
✨လူနာ တစ်ယောက်အတွက် စိတ်ပူပန်မှုနည်းစွာနှင့် ရောဂါကို သတ္တိရှိရှိ ပြန်လည်တိုက်ထုတ်နိုင်ဖို့အတွက် ပြုစုစောင့်ရှောက်ပေးနေသူမှ စိတ်ဓါတ်ခွန်အားပေးနိုင်မှု များစွာလိုအပ်ပါတယ်။
🎯ဒါဟာလည်း သူနာပြုအကူတစ်ဦးရဲ့ မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ 🎯 သူနာပြုအကူတစ်ဦးဟာ မိမိ စောင့်ရှောက်ပေးရမည့် လူနာ၏ ခံစားနေရသောရောဂါအခြေအနေများ၊ စိတ်ခံစားချက်များကို တိကျစွာ သိရှိဖို့အတွက် -
📌 တိကျ၊ပြတ်သားသောအမေးအဖြေများဖြင့် မေးပေးခြင်း။ 📌 စကားပြောသည့်အခါစိတ်ရှည်စွာပြောပေးခြင်း။ 📌 လူနာ၏ခံစားရသောရောဂါအခြေအနေကို သိရှိရရန် စကားပြောသည့်အခါ လူနာ၏မျက်ဝန်းကိုဂရုတစိုက် ကြည့်၍ ပြောဆိုခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
✅ ဒါ့အပြင် လူနာမှပြန်လည် ဖြေကြားသည့်အခါ စကားလုံးများကို သေချာစွာနားထောင်ခြင်းနှင့် လူနာမှ သေချာမပြောပြနိုင်ပါကလည်း မိမိအနေနဲ့ လူနာအပေါ်မူတည်၍ သင့်လျော်မည့် အခြေအနေနှင့် ပြောလိုသည်များကို ခြေဟန်၊လက်ဟန်အနေအထား၊မျက်နှာအမူအရာများဖြင့် သိရှိနိုင်အောင် လိုအပ်သည့် မှတ်သားမှုများကို စနစ်တကျ လုပ်ဆောင်ထားသင့်ပါတယ်။ဒါမှသာ သူနာပြုအကူတစ်ယောက်အနေနဲ့ မိမိရဲ့လူနာအပေါ် လိုအပ်သည့်အရာများကို အချိန်မီ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ 📌 သူနာပြုအကူတစ်ယောက်ဟာ လူနာအတွက် ကျန်းမာရေးဝန်ဆောင်မှုများ၊လုပ်ဆောင်ရမည့် test များ၊ကုသရမည့် Treatment များအကြောင်းကိုလည်း လူနာအနေနဲ့ စိတ်မပူစေဖို့ မိမိ တတ်အားသမျှ ရှင်းပြပေးထားသင့်ပါတယ်။ဒီလိုရှင်းပြပေးခြင်းအားဖြင့် လူနာအနေနဲ့ ရောဂါအတွက် စိတ်ပူပန်မှုများလျော့နည်းစေမည့်အပြင် လုပ်ဆောင်ရမည့် ကျန်းမာရေးဝန်ဆောင်မှုများမှာလည်း ပိုမို ပူးပေါင်းပေးနိုင်မှာဖြစ်ပါတယ်။
ဒါတွေအပြင် မိသားစုဝင်တွေအနေနှင့် စိတ်ပူပန်မှုများလျော့ကျစေရန်လည်း လူနာ၏ ရောဂါအခြေအနေများ၊စိတ်ခံစားမှုများကို ကိုယ်ချင်းစာစိတ်ထား၍ လိုအပ်သလိုရှင်းပြပေးနိုင်ရပါမယ်။
📌 သူနာပြုအကူတစ်ယောက်သည် Technically (လုပ်ငန်းသဘော)ပိုင်းအရ လုပ်ဆောင်ရမည့် ဆေးတိုက်ခြင်း၊ အစာကျွေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်းအစရှိသော လူနာပြန်လည်ကျန်းမာရန်အတွက် လုပ်ဆောင်ချက်များမှာလည်း ကိုယ်ချင်းစာစိတ်ဖြင့် ဂရုစိုက်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ လူနာအနေနှင့် ဘာသာခြားဖြစ်ပါကလည်း လူနာ၏ယုံကြည်သက်ဝင်မှု၊ဘာသာရေးများနှင့် ပတ်သက်၍လည်း ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။
📌 သူနာပြုအကူသည် မိမိမှတ်သားထားသည့် လူနာ၏အခြေအနေ၊စိတ်ခံစားချက်များ၊ မိမိ၏ ကျန်းမာစောင့်ရှောက်မှုများကိုလည်း သက်ဆိုင်ရာ ဆရာဝန်များ၊Physician များနှင့် အထူးကုဆရာဝန်ကြီးများကို သေချာပြောပြပေးရမှာဖြစ်ပါတယ်။
ဒါကြောင့် သူနာပြုအကူတစ်ယောက်ဟာ လူနာအပေါ် ကျန်းမာရေးစောင့်ရှောက်ပေးမှုများပေးသည့်အခါ ကိုယ်ချင်းစာတရားထားခြင်း၊ လုပ်ငန်းပိုင်း လုပ်ဆောင်မှု စနစ်ကျနခြင်း စသော နည်းလမ်း(၂)ခုလုံးဟာ လူနာပြန်လည်ကျန်းမာလာစေဖို့အတွက် လိုအပ်သည့် ရှိသင့်သည့် စွန်းရည်များဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။
🎯 သင်တန်းကျောင်းနှင့်သက်ဆိုင်သည့်အသေးစိတ် အချက်အလက်များအတွက် ☎️ 09-26 7777 480 (သို့ )09- 88 26 77773 သို့လည်းကောင်း၊Blue Cross Academy Page Messanger သို့လည်းကောင်း ၊ 🏠 အမှတ် (၂၉) ပထမထပ် ခိုင်ရွှေဝါလမ်း လှည်းတန်းသို့ တိုက်ရိုက်လာရောက်စုံစမ်းနိုင်ပါတယ်။ ✨ Great future through academy.✨ ✨ Blue Cross Academy.✨
Categories: သူနာပြုအကူ, More Blog Tags: ,