"ဘဝရဲ့အောင်မြင်မှုပန်းတိုင်တွေကို လျှောက်လှမ်းကြမည့် ဆယ်ကျော်သက်လူငယ်တွေအတွက် Lex Fridman Podcast တစ်ခုမှ Elon Musk ရဲ့ ဘဝနေထိုင်မှုအကြံပြုချက်နည်းလမ်း (၅) သွယ်။ ".
Elon Musk ဟာနာမည်ကြီး Tesla နှင့် SpaceX တို့ရဲ့ CEO တစ်ဦးဖြစ်ပြီး ၊ အောင်မြင်သည့် စီးပွားရေးနယ်ပယ်မှာ ရောက်ရှိနေသူတစ်ဦးဖြစ်ပါတယ်။Elon Musk နှင့် တွေ့ဆုံခဲ့သည့် Lex Fridman Podcast မှ ပတ်၀န်းကျင်ကို အကျိုးပြုလိုသော လူငယ်များ အတွက် Musk အား အကြံဉာဏ်များပေးရန်ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် သူ့အနေနှင့် ယနေ့ခေတ်လူငယ်များအတွက် လူ့ပတ်၀န်းကျင်ကို အကျိုးပြုနိုင်မည့် အောင်မြင်မှုပန်းတိုင်တွေကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိဖို့ နေထိုင်၊ပြုမူသင့်သည့် အချက်(၅)ချက်ကိုအကြံ ပြု ပြောပြပေးထားပါတယ်နော်။
1) Be useful 📌 " မိမိလုပ်ဆောင်တဲ့အရာတိုင်းက လူ့ပတ်၀န်းကျင်နှင့် လူသားတွေအတွက် တစ်နေရာရာမှာ အသုံးဝင်သည့်အရာများဖြစ်ပါစေ။"လို့ ပထမဆုံးအနေနဲ့ အကြံပြုထားပါတယ်။
2) Contribute to Society 📌 " Musk ရဲ့ ဒုတိယအကြုံပြုချက်ကတော့ မိမိတို့ရဲ့လူမှုပတ်ဝန်းကျင်ရရှိသော အကျိုးအမြတ်များကို အသုံးပြုခဲ့ဖူးပါကလည်း မိမိမှပြန်လည်ထောက်ပံ့၊ကူညီနိုင်မည့် အချိန်အခါတိုင်းမှာလည်း အမြဲအသင့်ရှိနေပါ ။ " ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။
3) Don't try to be a leader 📌 " တတိယအကြံပြုချက်အနေနဲ့ လူငယ်တွေအနေနဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ရမည်ဆိုတဲ့ ရည်ရွယ်ချက်မျိုးမထားရှိနှင့်လို့ ပြောခဲ့ပါတယ်၊ များသောအားဖြင့် ခေါင်းဆောင်အဖြစ် သင် လိုချင်တဲ့လူတွေက ခေါင်းဆောင်မဖြစ်ချင်ဆုံးသူတွေပါပဲ” လို့ Fridman ကို ပြောကြားခဲ့ပါတယ်။"
4) Read books and ingest information 📌 " နောက်တစ်ခုအနေနဲ့ Musk ဟာ လူငယ်တွေအနေနဲ့ စာများများကိုတတ်နိုင်သမျှဖတ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါမှသာ လူငယ်တွေအနေနဲ့ ဗဟုသုတအစုံကိုရရှိထားမှာဖြစ်ပြီး ပြသာနာတစ်ခု ဖြေရှင်းရာမှာလည်း ဘက်ပေါင်းစုံမှ ကျိုးကြောင်းဆက်စပ်မှုတွေကို ထည့်သွင်း စဉ်းစားနိုင်မှာဖြစ်ပါတယ်။ "
5) Talk to people 📌 " နောက်ဆုံးအနေနဲ့ Musk ဟာ လူငယ်တွေအနေနဲ့ လူများများနဲ့ တွေ့ဆုံပြီးစကားများများပြောရန် မတုံ့နှေးဖို့ အကြုံပြုထားပါတယ်။ ဒါမှသာ အခြားသူများရဲ့ ဘဝအတွေ့အကြုံ၊သင်ခန်းစာများမှ မိမိအတွက် များစွာအကျိုးရှိသည့် ဗဟုသုတများကို သင်ယူရရှိနိုင်မှာဖြစ်တယ် " လို့ အကြုံပြုထားပါတယ်နော်။ ✅ စာဖတ်သူတို့အနေနဲ့ မိမိရဲ့ လိုအပ်နေသည့်အရာများရှိနေပါက Elon Musk ရဲ့ အကြံပြုချက်များမှ ဗဟုသုတရရှိနိုင်စေဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။🎯 သင်တန်းကျောင်းနှင့်သက်ဆိုင်သည့်အသေးစိတ် အချက်အလက်များအတွက် ☎️ 09-26 7777 480 (သို့ )09- 88 26 77773 သို့လည်းကောင်း၊Blue Cross Academy Page Messanger သို့လည်းကောင်း ၊ 🏠 အမှတ် (၂၉) ပထမထပ် ခိုင်ရွှေဝါလမ်း လှည်းတန်းသို့ တိုက်ရိုက်လာရောက်စုံစမ်းနိုင်ပါတယ်။ ✨ Great future through academy.✨ ✨ Blue Cross Academy.✨
Categories: သူနာပြုအကူ, More Blog Tags: ,